ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 20, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

> ** မန်ယူသို့ ပြန်လာနိုင်ဖွယ်ရှိကြောင်း စီရော်နယ်လ်ဒို ပြောကြား **
တစ်နေ့နေ့တွင် မန်ချက်စတာ ယူနိုက်တက်သို့ မိမိပြန်လာနိုင်ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက အရိပ်အမြွက် ပြောဆိုသွားသည်။ အင်္ဂလန် ထိပ်သီးအသင်းနှင့်အတူ အောင်မြင်မှုများစွာ ဆွတ်ခူးခဲ့ပြီး (၂၀၀၈)ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည့် ပေါ်တူဂီ လက်ရွေးစင်အသင်းခေါင်းဆောင်က ၎င်းသည် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးအတွင်း ဖြတ်သန်းခဲ့ရသည့် နေ့ရက်များကို ပြန်လည်တမ်းတနေဆဲဟု ၀န်ခံခဲ့သည်။ သို့သော်လည်း လက်ရှိတွင်မူ မိမိအနေနှင့် နိုင်ငံတူနည်းပြ ဂျို့စ်မော်ရင်ဟို လက်အောက်တွင် ရီးယဲလ်မက်ဒရစ် အသင်းအတွက် ကစားရင်း ပျော်ရွှင် ကျေနပ်နေမိကြောင်းလည်း ယူနိုက်တက်မှ စပိန်ထိပ်တန်း ကလပ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) ဖြင့် ရောက်ရှိခဲ့သည့် ရော်နယ်လ်ဒိုကဆိုသည်။

** ဒိန်းမတ်ဂိုးသမားအား ခေါ်ယူရန် မန်ယူ ဆွေးနွေးနေ **
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဒိန်းမတ်ဂိုးသမား အန်းဒရက်စ် လင်ဒါဂါ့ဒ်အား ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရသည်။ ပေါင်စတာလင် (၄)သန်းခန့် တန်ကြေးရှိသော လင်ဒါဂါ့ဒ်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း နော်ဝေးကလပ် အေလီဆွန်းစ်မှ အားကစားရေးရာ ဒါရိုက်တာ ဟန်းနရစ်ခ်ဟော့ဖ်ကဆိုသည်။ ဟော့ဖ်သည် အပြောင်းအရွှေ့ ဆွေးနွေးရန်အတွက် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ အသက်(၂၆)နှစ်အရွယ် လင်ဒါဂါ့ဒ်အား ယူနိုက်တက်၏ ကစားသမား ရှာဖွေရေး အေးဂျင့်များက အစဉ်တစိုက် စောင့်ကြည့်နေခဲ့ပြီး နိုဝင်ဘာ (၁၇)ရက်နေ့က ဒိန်းမတ်နှင့် ချက်အသင်းတို့ ကစားသည့် ပွဲစဉ်တွင်လည်း သွားရောက်လေ့လာခဲ့သည်။ “ကျွန်တော် အေလီဆွန်းစ်အတွက် နောက်ဆုံးကစားရတဲ့ပွဲက ဘယ်ပွဲဖြစ်မလဲ မသိသေးဘူး။ ဆွေးနွေးမှုတွေက တိုးတက်နေပါတယ်။ လောလောဆယ်တော့ ဘာမှ အတိအကျ မပြောနိုင်သေးပါဘူး”ဟု လင်ဒါဂါ့ဒ်က ဖွင့်ဟသွားသည်။ အရပ်(၆)ပေနှင့် (၄)လက်မရှိသော ဂိုးသမားကို သက်တော်ရှည် ဒတ်ခ်ျဝါရင့် ဂိုးသမားကြီး အက်ဒွင်ဗန်ဒါဆားနေရာ ရေရှည် အစားထိုးသွားရန် ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က စိတ်ဝင်စားလျက်ရှိသည်။ ယူနိုက်တက်သည် ဂိုးသမားနေရာအတွက် အက်သလက်တီကို မက်ဒရစ်မှ စပိန်လူငယ် ရောဘတ်ဒီဂီနှင့် နယ်သာလန်ကလပ် အေဂျက်စ်အမ်စတာဒမ်မှ ဒတ်ခ်ျလက်ရွေးစင် မာတန်စတီကလင်ဘာ့ဂ်တို့ကိုလည်း စောင့်ကြည့်နေသည့်တိုင် လင်ဒါဂါ့ဒ်က အနီးစပ်ဆုံး ဖြစ်နေသည်။ ယူနိုက်တက်နှင့် ဒိန်းမတ်လက်ရွေးစင် အသင်းတို့၏ ဂန္တ၀င် ဂိုးသမားကြီး ဖြစ်ခဲ့သူ ပီတာရှမိုက်ကယ်လ်ကမူ လင်ဒါဂါ့ဒ်သည် လက်စွမ်းပိုင်း ကောင်းမွန်သော်လည်း ယူနိုက်တက်ကို ကိုယ်စားပြုရန် အတွက်မူ လိုအပ်ချက်များ ရှိနေဆဲဟု သုံးသပ်သွားသည်။

** PSV ကွင်းလယ်လူ အီဗရာဟင် အက်ဖလီအား ဘာစီလိုနာ ခေါ်ယူနိုင်တော့မည် **
ဘာစီလိုနာအသင်းသည် PSV အင်ဒိုဗန် အသင်းမှ အီဘရာဟင် အက်ဖလီအား ခေါ်ယူနိုင်တော့မည်ဟု သိရသည်။ စပိန်ချန်ပီယံ ကလပ်အသင်းသည် မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ဘေယန်မြူးနစ်စသည့် ဥရောပထိပ်တန်း အသင်းများက စိတ်ဝင်စားနေသည့် ဒတ်ခ်ျကွင်းလယ်လူအား ခေါ်ယူရေးအတွက် PSVနှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ အသက် (၂၄)နှစ်ရှိ အက်ဖလီ၏ အနာဂတ်နှင့် ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဘာစီလိုနာက လက်ဦးမှု ရရှိသွားသည်။ ဘာစီလိုနာ၏ တရားဝင် ၀က်ဘ်ဆိုက်တွင် “ဘာစီလိုနာနဲ့ PSVအသင်းကြားမှာ အက်ဖလီကို ခေါ်ယူဖို့ ညှိနှိုင်းသဘောတူနိုင်ခဲ့ပါပြီ။ အသေးစိတ် ကိုယ်ရေး အချက်အလက်တွေ ညှိနှိုင်းပြီးရင် ကစားသမားဟာ ကျွန်တော်တို့ရဲ့ နူးကမ့်ပ်ကွင်းကြီးဆီ ရောက်လာတော့မှာပါ”ဟု ရေးသားဖော်ပြထားသည်။ ထို့အပြင် စာချုပ်ကိစ္စ မပြီးပြတ်မီ ကာလအတွင်း အက်ဖလီသည် PSV၏ ပွဲစဉ်များတွင် အပြည့်အ၀ အာရုံစိုက် ပါဝင်နေမည်ဟုလည်း ဘာစီလိုနာက ဖော်ပြထားသည်။ အက်ဖလီ၏ အေးဂျင့်ဖြစ်သူ ရော့ဘ်ဂျန်ဆန်က အက်ဖလီအနေနှင့် ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ဘာစီလိုနာသို့ ပြောင်းရွှေ့မည်လား၊ ရာသီကုန်မှ ပြောင်းရွှေ့မည်လားဆိုသော အချက်ကို ညှိနှိုင်းနေဆဲဟု ပြောဆိုသွားသည်။ “အပြီးသတ် သဘောတူညီချက် အတွက်တော့ အချိန်နည်းနည်း ယူရဦးမှာပါ။ ဒါပေမယ့် အချက်အလက်အားလုံး အတည်ပြုနိုင်ရန် သက်ဆိုင်ရာ အသင်းတွေဆီကနေ ပရိသတ်ကို သတင်းထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်”ဟု ဂျန်ဆန်ကဆိုသည်။ ကွင်းလယ် ဖန်တီးမှုစွမ်းရည် မြင့်မားပြီး ပါးနပ်သော ဘောလုံးအမြင်ရှိသည့် အက်ဖလီသည် ဘာစီလိုနာ အလယ်တန်းတွင် အန်းဒရက်စ် အင်နစ်ယေစတာ၊ ဇာဗီဟာနန်ဒက်ဇ်တို့နှင့် အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။ အက်ဖလီသည် ကမ္ဘာ့အကောင်းဆုံးဆုရှင် ဘောလုံးသမား လီယွန်နယ် မက်ဆီနှင့် တွဲကစားလိုကြောင်း ၀န်ခံခဲ့ဖူးသော်လည်း ဘာစီလိုနာကဲ့သို့ အသင်းကြီးတွင် နေရာတစ်ခုအတွက် အပြင်းအထန် ပြိုင်ဆိုင်ရမည်ကို သဘောပေါက်ကြောင်း ဖွင့်ဟခဲ့သည်။ “ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုဟာ ဂုဏ်ယူစရာပါ။ ဖြစ်နိုင်ရင် ဇန်န၀ါရီမှာ အသင်းပြောင်းချင်ပါတယ်။ ဒါပေမယ့် အပြီးသတ် သဘောတူညီချက် မရသေးသ၍ ဘာကိုမှ ကြိုမပြောနိုင်သေးပါဘူး။ လောလောဆယ်တော့ PSVရဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ဖို့ ကျွန်တော်ပိုပြီး မျှော်လင့်ထားပါတယ်”ဟု အက်ဖလီက ပြောဆိုသွားခဲ့သည်။

** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **

** မန်ယူသို့ ပြန်လာနိုင်ဖွယ်ရှိကြောင်း စီရော်နယ်လ်ဒို ပြောကြား **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)