ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, November 20, 2010

ဒီမိုကရေစီနဲ့ ဗမာပြည်......တရားစီရင်ရေးနှင့် ဒီမိုကရေစီ ........

> by San Maung on Friday, November 19, 2010 at 6:07am

အနှစ် 20 ကျော် စစ်အာဏာရှင်တို့ရဲ့ လက်ခုပ်ထဲက ရေအဖြစ် ဗမာပြည်ကျရောက်ခဲ့ရတာဟာ အဓိက အကြောင်းရင်း 2 ချက်ကြောင့်ဖြစ်ပါတယ်။

ပထမအချက်က အဆုံးစွန်ကန့်သတ်ချုပ်ခြယ်မှု သံမဏိအုပ်ချုပ်ရေးကြောင့်ဖြစ်ပါတယ်။ စစ်အစိုးရကို အာခံဆန့်ကျင်သူ ပုန်ကန်တော်လှန်သူမှန်သမျှ အပြင်းအထန်နှိပ်ကွပ်သုတ်သင်ဖြိုခွင်းခံရမှာဖြစ်တယ်။ ဗမာပြည်ကျောင်းသား/သူ ရဟန်း ရှင်လူတွေ စုဝေးလှုပ်ရှားအုံကြွပြီး ဒီမိုကရေစီတောင်းဆိုခဲ့ကြတာ အကြိမ်ကြိမ်ပါ။ အကြမ်းဖက်ရက်စက်ယုတ်မာ သတ်ဖြတ်မှုတွေကြောင့် အသက်သွေးချွေးမြောက်များစွာစတေးခံရလို့ နောက်ဆုံးတော့ အားမတန် မာန်လျှော့နိဂုံးချုပ် ရတာချည်းဖြစ်ခဲ့တယ်။

ဒုတိယအချက်က စစ်အာဏာရှင်အစိုးရကို ပြုပြင်ပြောင်းလဲအောင် နိုင်ငံတကာရဲ့တိုက်တွန်းဖြောင်းဖြချော့မော့မှုနဲ့ ဖိအားပေးအကြပ်ကိုင် ပိတ်ဆို့မှုတွေဟာ ပြည်သူတွေလက်ထဲ ဒီမိုကရေစီ အပ်နှင်းဘို့ မစွမ်းဆောင်နိုင်သေးတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အာဇီယံနိုင်ငံတွေဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စထက် ဗမာပြည်နဲ့စီးပွား ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုကရတဲ့ အကျိုးအမြတ်ကို ပိုပြီး ဦးစားပေးစဉ်းစားကြလို့ဖြစ်ပါတယ်။ အဓိကအားဖြင့်ဗမာပြည် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံပါ။ နယ်စပ်တလျှောက် ကူးသန်းရောင်းဝယ်ရေးနဲ့ လုံခြုံရေး တည်ငြိမ်ရေးဟာ ဗမာပြည်နိုင်ငံရေး ပြဿနာ ဂယက်ရိုက်ခတ်မှုနဲ့ အစဉ်တစိုက် တိုက်ရိုက်ပတ်သက်ခဲ့ရပါတယ်။ သာဓကအားဖြင့်ဆင်းရဲ ကြပ်တည်းတဲ့ ပူပင်သောက ဘ၀ကနေ ရေကြည်ရာမြက်နုရာ ထိုင်းနယ်စပ်ကို ဗမာပြည်တိုင်းရင်းသားများခိုလှုံလာ ကြတဲ့ ကိစ္စပါ။ ထိုင်းနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးနဲ့ ပြဿနာကြီးမားစွာ ဖြစ်ပွားစေပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရအဆက် ဆက်ကတော့ ဗမာပြည်နိုင်ငံရေးကိစ္စ ကို ၀င်ရောက်စွက်ဖက်တာ မလုပ်ပါဘူး။ အာဇီယံကလဲအပြုသဘောဆောင် ဆက်ဆံမှု Constructive Engagement ပေါ်လစီနဲ့ဘဲ မျက်နှာလွှဲခဲပြစ်လုပ်နေပါတယ်။

ဗမာအာဏာရှင်အစိုးရက ဒီမိုကရေစီနဲ့တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေ၊ သဘာထားကွဲလွဲ သူတွေအပေါ် ဘယ်လောက်ဘဲ အကြင်နာကင်းမဲ့စွာ စစ်အင်အားသုံး အပြတ်ဖြိုခွင်းနှိပ်ကွပ်ခဲ့ပေမဲ့ အဖိနှိပ်ခံရဟန်း ရှင်သူကျောင်းသား ပြည်သူတွေ အဖို့ တုတ်တုတ်မှ မလှုပ်ရဲအောင် ငုံ့ခံမြဲငုံ့ခံနေမှာ မဟုတ်ပါဘူး။ မီးခဲပြာဖုံး အနေ အထားမှာအားမွေးရင်း အချိန်အခါ အခွင့်အလမ်းနဲ့ချက်ကောင်းကို အသိရှိရှိ သတိကြီးကြီးနဲ့ စောင့်ဆိုင်းနေပါတယ်။

ဖက်ဆစ် စစ်အာဏာရှင်တို့နှိပ်ကွပ်ချုပ်ခြယ်တိုင်း၊ ရက်စက်ယုတ်မာစွာ အကြမ်းဖက်တိုက်ခိုက်ဖြိုခွင်းတိုင်း၊လက်နက် အားကိုး ဓါးမိုးအုပ်ချုပ်တိုင်း၊ အတိုက်အခံတွေကို ဖမ်းဆီးထောင်ချတိုင်း၊ ပြည်သူတွေက အကြောက်တရား အောက်မှာ တကြောက်ကြောက် ကြောက်ဒူးတုံနေခဲ့မယ်ဆိုရင် ဒီမိုကရေစီရောင်နီဖြိုးဖြိုးကိုအစပြိုးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံလဲ ပေါ်ပေါက်ခဲ့စရာ အကြောင်းမရှိပါဘူး။ 2007 စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးလဲ ဖြစ်ထွန်းနိုင်စရာ အကြောင်း မပေါ်ခဲ့ပါဘူး။

လက်ရှိသမယအခါကာလ အနေအထားမှာ ဗမာပြည်အပေါ် စစ်အာဏာရှင်တွေဆက်လက်ပြီး အရိပ်မဲကြီးနဲ့ အမှောင် တိုက်သွင်းဘို့ ပြည်သူလူထုက ဒီ့ထက်ပို မျက်စိစုံမှိတ် အောင့်အီးသည်းခံလို့ မရတော့ပါဘူး။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေအပေါ် ဗမာဖက်ဆစ် နာဇီတွေရဲ့ ဒီ့ထက်လူမဆန်စွာ အကြမ်းဖက်နှိပ်ဖမ်းဆီးသတ်ဖြတ်တဲ့အနေအထားကို ကမ္ဘာ့ပြည်သူများစိတ်ဝင်စားအာရုံ စိုက်လာတာတင်မက စိတ်ဓါတ်ရေးရာအရလဲ ပိုပိုပြီး ထောက်ခံအားပေးလာခဲ့ပါတယ်။

အလှမ်းမဝေးတော့တဲ့ အနာဂတ် နောင်တစ်နေ့မှာ ပြည်သူလူထုတရပ်လုံးရဲ့ ကြီးမြတ်ထွန်းပြောင်တဲ့ အင်အားဟာ လက်နက် အားကိုးလက်တဆုပ်စာ စစ်အာဏာပိုင် လူတစုရဲ့မတရားကြီးစိုးအုပ်ချုပ်မှုကို မုချ တွန်းလှန်ဖယ်ရှားနိုင်မယ်ဆို တာ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အကြိမ်ကြိမ်စံနမူနာပြသခဲ့ပြီးပါပြီ။

ပသို့ဆိုစေ၊ လက်နက်ဆိုလို့ အပ်တစ်ချောင်းမှ မရှိတဲ့ အမှန်တရားလိုလားသူ အပြစ်မဲ့ လူထုကို အချိန်မရွေးနှိပ်ကွပ် သတ်ဖြတ်နိုင်တဲ့ လူသတ်လက်နက် ပိုင်ဆိုင်သူ စစ်အာဏာရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်တယ်ဆိုတာ ကိုယ်ကျိုးစွန့်ရဲရင့် ပြတ်သားတဲ့ အားမာန်အပြည့် လှုပ်ရှားရုန်းကန်မှုကြီးဖြစ်ပါတယ်။

အဓိက ပြည်တွင်းလှုပ်ရှားမှုနဲ့အတူ စစ်အုပ်စုအပေါ် UN, US, EU, ASEAN, တရုပ်၊ ကုလား၊ ရုရှားစတဲ့ နိုင်ငံတကာအဖွဲ့ အစည်းများနဲ့ ကမ္ဘာ့ပြည်သူများရဲ့ ဖိအားပေးမှုကလဲ အထူးအရေးပါအရာရောက်လှပါကြောင်း။

**မတိချွန်းအယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဘာသာပြန်သည်။**

(သျှမ်းသံတော်ဆင့်)

**တရားစီရင်ရေးနှင့် ဒီမိုကရေစီ.**

၂၀၀၈ စက်တာဘာ ၉ ရက်နေ့၌ ထိုင်းနိုင်ငံ အခြေခံဥပဒေတရားရုံးက ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ထောရဝေ့ဇ်အား အခြေခံဥပေဒေ ပုဒ်မ ၂၆၇ နှင့် ညှိစွန်းကျူးလွန်သဖြင့် ၀န်ကြီးချုပ် ရာထူးကုန်ဆုံးရပ်ဆိုင်းပြီးသား ဖြစ်ကြောင်း စီရင်ချက်ချ လိုက်၏။ ယခင်ဝန်ကြီးချုပ်ဟောင်း ထတ်ဆင်၏ ရုပ်သေး PPP ပါတီ အစိုးရအား သုံးလကျော်ကြာဆန့်ကျင် ဆန္ဒပြပြီး ဆမတ် ရာထူးမှ ဆင်းပေးရန် အစဉ်တစိုက် ဖိအားပေး တောင်းဆိုခဲ့ကြသော ပြည်သူ့ဒီမိုရေစီ မဟာမိတ် PDA အဖို့ တစိတ်တပိုင်း အောင်ပွဲ အဖြစ် ဟစ်အော်ကြွေးကျော် ကြိုဆိုခဲ့ကြ၏။ အဆိုပါ အခြေခံဥပဒေ တရားရုံး၏ စီရင်ချက်မှာ တရားသူကြီး ၉ ဦး စလုံး၏ တခဲနက် ဆုံးဖြတ်ချက်ဖြစ်သည် ဟုဆိုသည်။

ဤဖြစ်ရပ်ထူးကြီးကား ဒီမိုကရေစီလိုလား မြတ်နိုးသူ ထိုင်းလူထုအတွက် သာမက ဒီမိုကရေစီ ငတ်ပြတ်မွတ်သိပ် နေကြသည့် မြန်မာပြည်သူများအတွက် ချီးကျူးအားရစရာ၊ စံနမူယူစရာ၊ အတုယူစရာ ဖြစ်၏။ ထို့ထက်မက အမှန်တရား လက်ကိုင်ထားသူ ဗမာစစ်ဗိုလ်များအဖို့ သတိမူစရာ သံဝေဂရစရာဖြစ်၏။ကြမ်းတမ်းသည့်ခရောင်းတော လမ်း ကို အနှစ် ၇၀ ကျော်ဖြတ်သန်းလာခဲ့သည့် ထိုင်းဒီမိုကရေစီ ရေစီးကြောင်းအဖို့ တိုးတက်ပြောင်းလဲမှု တရပ်နှင့် အဆင့်သစ် နိုင်ငံရေး ကဏ္ဍဦး တည်မှု ခြေလှမ်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ယခင်ထိုင်းဝန်ကြီးချုပ်ဟောင်း သန်းကြွယ်သူဌေးကြီး ထတ်ဆင်၏ အလိုတောရိဟု သတ်မှတ်ခြင်းခံရသည့် ဆမတ်အား အခြေခံဥပဒေတရားရုံးမှ ၀န်ကြီးချုပ်ရာထူး ကုန်ဆုံးရပ်ဆိုင်းပြီးသားဖြစ်ကြောင်း စီရင်ချက်ချလိုက်ရခြင်းမှာ ပုဂ္ဂလိက ကုမ္မဏီများထံမှ အခကြေးငွေရယူခဲ့သောကြောင့်ဖြစ်၏။ ၀န်ကြီးချုပ်ရာထူး ယူထားသူဖြစ်လျက်နှင့် တီဗွီရှိုး အချက် အပြုတ် ကြော်ငြာဖြင့် အကျိုးအမြတ် ပိုက်ဆံလက်ခံခြင်းသည် အခြေခံဥပေဒေ ပြဌာန်းချက် ချိုးဖောက်ခြင်းဖြစ်သော ကြောင့်ပင်။

ဤမျှလောက်နှင့် ၀န်ကြီးချုပ်ရာထူးမှ ဆမတ်ဖယ်ရှားခြင်းခံရသည်ဆိုလျှင် ဗမာစစ်ဘုရင်ကြီး ဗိုလ်သန်းရွှေအဖို့ပြော ဘွယ်ရာမရှိ။ စစ်အုပ်စု ထိပ်သီး ဗိုလ်သန်းရွှေနှင့် ထိုက်တန်သော ပြစ်ဒဏ်ကား အတိုင်းအဆမရှိတော့။ဗိုလ်စောမောင် အား ဖယ်ရှားပထုတ်ပြီး ၁၉၉၂ ကတည်းက ယနေ့ထက်တိုင် အာဏာအလွှဲသုံးစား ပြုလုပ်ခြင်း၊ တရားမျှတမှုချိုးဖောက် ကျူးလွန်ခြင်းများအပေါ် စုံစမ်း စစ်ဆေးအရေးယူနိုင်လျှင် အ၀ီစိငရဲသည် ဗိုလ်သန်းရွှေအဖို့နည်းပါး နေဦးမည်။နိုင်ငံပိုင် ဘဏ္ဍာငွေကို မိသားစုပိုင်လို သဘောထားသည့် လုပ်ရပ်အစ၊ မင်္ဂလာဆောင်ည၌ သမီးတော်ဆင်မြန်းပြသည့်စိန်စီသော ဓနအဆုံး၊ ဘယ်ကဘုံး ထားကြသနည်း။ ဘယ်ရွေ့ ဘယ်မျှကြုံးခဲ့ကြမည်နည်း။ မည်သည့် ပြစ်ဒဏ်များနှင့်ထိုက်တန် သနည်း?။ ဒီမိုကရေစီနှင့် အာဏာရှင်သည် ကောင်းကင်နှင့် မြေလွှာ၊ ဆီနှင့် ရေပမာ ခြားနားလှပေစွ။ ကွာဟမှုမှန်းဆ ခက်လှသည်။

ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာတို့သည် ဒီမိုကရေစီစံနစ်ကို ကျားကန်ပေးထားကြသော မဏ္ဍိုင်ကြီး ၃ ရပ် ဖြစ်၏။ အကြောင်းမှာ ထို အာဏာ ၃ ရပ်သည် အပြန်အလှန်တည်မှီထိန်းညှိ ထောက်ကူပံ့ပိုးနေကြ သော ကြောင့်ဖြစ်၏။ အထူးသဖြင့် တရားစီရင်ရေး လွတ်လပ်မျှတမှုရှိလေ၊ ပြည်သူတရပ်လုံး၏ ဆန္ဒလိုလားမှုနှင့် ကိုက်ညီလေ၊ လူထု၏ အခွင့်အရေးအတွက် အာမခံချက် ရှိလေဖြစ်၏။ အဆင့်မြင့် စစ်မှန်သော ဒီမိုကရေစီသည် လူများစု၏ဆန္ဒ အပေါ် အလေးထား၊ လူနည်းစု၏ အခွင့်အရေးအား ကာကွယ်၊ တရားမျှတမှု နယ်ပယ်ကိုလွမ်းခြုံထား နိုင်သောကြောင့် ဖြစ်သည်။

တရားစီရင်ရေးအာဏာသည် သစ္စာမဏ္ဍိုင်၊ အမှန်တရားလက်ကိုင်ထား၊ အရာအားလုံး-အရှိ အတိုင်း ဟုတ်တိုင်းမှန်ရာ ထောက်ပြ၊ တရားမျှတမှုကိုသာ ရှေ့ရှု၏။ သို့ဖြစ်၍ တကယ့်တရားစီရင်ရေးသည် ရေများနေနိုင်၊ မီးများမီးနိုင်နှင့် ဆန့်ကျင်ဖက်ဖြစ်၏။ ဒီမိုကရေစီခိုင်မာလာလျှင် နိုင်ငံရေးအာဏာရှိတိုင်း၊ အုပ်ချုပ်ရေးအာဏာ လက်ကိုင်ထားတိုင်း၊ ငွေများတိုင်း၊ သေနတ် အားကိုးတိုင်း တရားစီရင်ရေးအပေါ် မလွမ်းမိုးနိုင်ပေ။ ဤသက်သေအထောက်အထားကို အာရှနိုင်ငံ များအကြား ထိုင်းက ပူးပူးနွေးနွေး ပြသခဲ့လေပြီ။ ထတ်ဆင်နှင့် ဆမတ်တို့ လှလှကြီးခံလိုက်သောဖြစ်ရပ်များသည် တရားစီရင်ရေး ကဏ္ဍ၏ စံနမူနာ ကောင်းကြီးဖြစ်သည်။ အုပ်ချုပ်ရေးအာဏာအမြင့်ဆုံး နိုင်ငံ့အကြီးအကဲကိုပင် အပြစ်ရှိလျှင်ရှိ သလို သမာသမတ်ကျကျ စီရင်ချက်ချလိုက်ခြင်းသည် ဒီမိုကရေစီအုဋ်မြစ် ကျစ်လစ်ခိုင်မာစေသော အချက်ကြီးဖြစ်သည်။

* တရားစီရင်ရေးသည် ဒီမိုကရေစီ စနစ်၏ မဏ္ဍိုင်ကြီးတခု
* တရားစီရင်ရေးသည် ဒီမိုကရေစီစနစ်အတွက် စံချိန်စံနှုန်း
* တရားစီရင်ရေးသည် ဒီမိုကရေစီ အဆင့်အပေါ် တိုင်းတာဖေါ်ပြမှုဖြစ်သည်။

၇၆ နှစ် ဒီမိုကရေစီခရီးဖြတ်သန်းပြီးခဲ့သော ယနေ့ထိုင်းနိုင်ငံ၏ တရားစီရင်ရေးသည် ပြည်သူလူထုအတွက်၊ အတိတ်ကာလနှင့် မတူ ပိုမိုမှီခို ထောက်ကူအားထားလာနိုင်၏။ လက်ရှိ ထိုင်းတရားစီရင်ရေး စံထားချက်လောက် နှင့် မျက်မောက် ဗမာပြည်၏ တရားစီရင်ရေးအပေါ် ချိန်ထိုး သုံးသပ်ကြည့်နိုင်၏။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအရ၊ အမျိုးသားပြည်လည်သင့်မြတ်ရေးအရ၊ ငှဲ့ကွက်ထည့်တွက်ခြင်း မပြုဘဲ၊ တရားမျှတမှုနှင့် ဥပဒေကြောင်းအရ ထောက်ပြရလျှင်၊ စစ်အာဏာရှင် ဗိုလ်သန်းရွှေသည် ထတ်ဆင်၊ ဆမတ်တို့ထက် အဆပေါင်းထောင်သောင်းမက ပြစ်ဒဏ် ကျခံသင့်လှသည်။ ၎င်းတို့သည် စစ်မှန်လွတ်လပ် မျှတသော တရားစီရင်ရေးကို အလေးထားဖေါ်ဆောင်ဘို့ နေနေသာသာ၊ နိုင်ငံရေးစစ်ရေး အာဏာဖြင့် တရားစီရင်ရေး အပေါ် ခြယ်လှယ်လွမ်းမိုးကြီးစိုးထား၏။ အာဏာရှင်ပီပီ တိုင်းပြည်၏ အချုပ်အခြာ အာဏာသုံးရပ် အပေါ် သေနတ်အားကိုး စိုးမိုးအုပ်ချုပ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အား မတရား-နှစ်လလွန် အကျယ်ချုပ်ထားခြင်း၊ သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ စိုင်းညွှန့်လွင်၊ ဗိုလ်ချုပ်ဆေထဲန့်တို့အား လူ့သက်တမ်း၏ ၂ ဆ ၃ ဆ ထောက်ဒဏ် နှစ်ရှည်ချလိုက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရဆဲ နိုင်ငံရေး အကျဉ်းသား တထောင်ကျော်အား လံကြုပ်စွဲချက် အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချခြင်းတို့သည် လွတ်လပ်မျှတသော တရားစီရင်ရေး ကဏ္ဍနှင့် လားလားမျှ အကြုံးမ၀င်။ အာဏာရှင်တို့အညှိုးထားမုန်ယိုမှု အလိုဆန္ဒ ချည်းဖြစ်၏။ ဗမာပြည်ကား တရားဥပဒေစိုးမိုး မှုအလျဉ်းမျှ မရှိကြောင်းအထင်းသားပေါ်လွင်နေသည်။ သျှမ်းခေါင်းဆောင်များ ၊ စုစုနွေးတို့ကဲ့သို့ NLD ပါတီဝင်များ၊ မင်းကိုနိုင်၊ မမီးမီး စသည့် ၈၈ မျိုးဆက်သစ်ကျောင်းသားဆောင်းဆောင်များ၊ အရှင်ဂဘ္မီရတို့လို ရွှေဝါရောင်တော်လှန်ရေး အာဇာနည်များ အား အများပြည်သူရှေ့မောက် စီရင်ချက်မချ၊ ရှေ့နေမရ၊ ချေပခွင့်မရှိဘဲ အင်းစိန်ထောင်ထဲ တခါးပိတ်တရားရုံးတွင် တဖက်သက်စီရင်ချက် ချခဲ့ခြင်းသည် မှန်ကန်သည့် တရားစီရင်ရေး လုံးဝ ကင်းမဲ့သော သာဓကများဖြစ်သည်။

တပြည်လုံးတရားသူကြီးမှန်သမျှအား မတရားသူကြီးအာဏာရှင်တို့က နဖားကြိုးတပ်အမိန့်ပေးနိုင်သည့် အနေအထားမှာ ဗိုလ်သန်းရွှေ စစ်အုပ်စု လက်ထက် တရားစီရင်ရေး ပြယုဂ်ကြီးဖြစ်၏။ နအဖ ဖွဲ့စည်းပုံရေးဆွဲရေး ကော်မရှင် ဥက္ကဌ၊ ဖွဲ့စည်းပုံ အတည်ပြုရေး ဆန္ဒခံယူပွဲ ကော်မတီ ဥက္ကဌ၊ ၂၀၁၀ ရွေးကောက်ပွဲ ကော်မီရှင် ဥက္ကဌ စသည့် တာဝန်ရာထူးများ ရယူထားကြ သော ဦးအောင်တိုးတို့ကဲ့သို့ ရှေ့နေချုပ်/ တရားသူကြီးချုပ်များသည်လည်း ဗိုလ်သန်းရွှေစစ်အုပ်စုအား အလုပ်အကြွေးပြု ရသူများဖြစ်၏။ အာဏာရှင်များ ကြိုးဆွဲတိုင်းကနေရသည့် လက်ပါးစေများသာဖြစ်၏။ ဤသို့ဖြင့် ဗမာပြည်တရားစီရင်ရေး ကား-မတရားစီရင်ရေး ဖြစ်နေရသည်။

ဒီမိုကရေစီ စနစ်အုဋ်မြစ် အခြေခိုင်စေသော၊ တရားစီရင်ရေး မဏ္ဍိုင်အပေါ် မည်သည့် အာဏာမျှ မလွမ်းနိုင်သည့် တိုင်းပြည်များ ၌ အမြင့်ဆုံးနိုင်ငံ့ အုပ်ချုပ်ရေး အာဏာပိုင်ဆိုင်ကြသူများ ပင်လျှင် တရားဥပဒေ၏ အဆုံးအဖြတ်ကို မလွန်ဆန်နိုင်။ တိုးတက် သည့် မဟာ အင်အားကြီးနိုင်ငံများ၏ နိုင်ငံ့အကြီးအကဲများပင်လျှင် တရားစီရင်ရေးအာဏာကို အာခံဖီဆန်ခြင်းမပြုနိုင်။ ဖိလိပင်းမှ ဖါဒီနန်များကို့စ်၊ အာဂျင်တီးနားမှ ပီနိုချေး၊ ပီရူးမှ ဖူဂျီမိုရီတို့ကအစ၊ အမေရိကန်ပြည်ထောင်စု သမ္မတများ ဖြစ်သည့် နစ်ဆင်၊ ကလင်တန်တို့အဆုံး၊ တရားစီရင်ထုံး၏ ဆုံးမမှုကို ခံခဲ့ကြရ၏။

ကျွန်ုပ်တို့၏ နောက်ဖေး အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း ထတ်ဆင်လည်း ငွေများတိုင်းတရားမနိုင်၊ ဆမတ်လည်း ရွေးကောက်ပွဲ အနိုင်ရ ၀ယ်မဲများပြားတိုင်း တရားမနိုင်-ရင်ဆိုင်ခဲ့ကြပြီ။

ယနေ့ ဗမာပြည် ဥပဒေပြုအာဏာပိုင်-ဖွဲ့စည်းပုံရေးဆွဲရေး ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ သည်၎င်း၊ အုပ်ချုပ်ရေးအာဏာပိုင်-နိုင်ငံတော်တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့သည်၎င်း၊ အုပ်ချုပ်ရေး အာဏာပိုင်- အစိုးရခေါင်းဆောင်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများသည်၎င်း၊ ဗိုလ်သန်းရွှေ လက်အောက် ပြားပြားမှောက်ကြရသည် ချည်းဖြစ်၏။ ထတ်ဆင်၊ ဆမတ် နှင့် ဗိုလ်သန်းရွှေတို့၏ အနေအထားမှာ ကားနှင့်လှည်း၊ အမဲနှင့်အဖြူ ပမာကွာခြားလှသည်ကို နှိုင်းပြခြင်းငှာ မတူမတန်ရာ ဟုဆိုချင်ကဆိုနိုင်သည်။

စိုင်းဆဲယ်န်ဂျင့်

သျှမ်းသံတော်ဆင့်
မောင်သန်းရွှေ၏ ဖမ်းနည်းမဟာဗျူဟာ

ကုလလုံခြုံရေးကောင်စီ၏ ဗမာပြည်ရေးရာဆွေးနွေးခန်းသရုပ်သကန်
တီကောင်၊ ရေမြွေနဲ့မြွေဟောက် ဘယ်ဘ၀ရောက်မလဲ ခေါင်းခဲရလေမလား အပစ်ရပ်များသိပါစ?
စစ်အစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံသည် ၁၉၉၇ တွင် အာဆီယံ အဖွဲ့ဝင် ဖြစ်လာသည်။
နာဂစ်အပြီး စစ်အစိုးအရအကူအညီဖြင့် ဆောက်လုပ်ထားသော အိမ်သစ်များ
စစ်အစိုးရ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ
နိုင်ငံရေးသမားများအား ၊ ဆက်တားမြစ်နှိပ်ကွက်နိုင်အောင် ပြည်သူလူထုချစ်သော ဒီမိုကရေစီခေါင်းဆောင်ကို ဦးချိုးသည့်
လုပ်ဇာတ်ဗမာပြည် ခေတ်သစ် အီစွပ်ပုံပြင်
မျက်နှာသာပေး၊ ရွှေရေးပုဂံတက်
လက်နက်ချဖို့မလိုအပ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဖြောင်းဖျနေ
ဒီရေထဲက ဒီရုပ်၊ ဒီပုပ်ထဲက ဒီပဲ
Previous image
လမ်းနှစ်သွယ်
လမ်းပြမြေပုံအရဆို ဟိုအိမ်ဘဲ
နဂိုတည်းက လိမ်ပါမယ်ဆိုတာကို မသိကြဘူးလားဗျာ။

by San Maung on Friday, November 19, 2010 at 6:07am

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)