တကယ်တင့်တယ်နေတဲ့ စစ်ဗိုလ်တယောက်
ခါးထောက်ပြီး အမိန့်ပေးတယ်။
`ဟေး… ပစ်´တဲ့
ရှေ့က တန်းစီးချီတက်လာတဲ့
မဟာလူထုကြီး။
**ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့
လူ့အခွင့်အရေးကို
သွေးနဲ့ရင်းပြီး တောင်းဆိုဖို့
မိုးပြိုသလို ပြိုလာတဲ့ မဟာလူထုကြီး။
**စစ်သားကလေးတစ်ယောက်
သေနတ်မြှောက်ပြီး ပစ်မယ်အလုပ်မှာ
တမုဟုတ်ချင်း စဉ်းစားတယ်။
**ငါ့ချစ်သူရဲ့ ရင်အုံကို ထိမှန်တဲ့
ငါ့ကျည်ဆန်ဖြစ်နေမလား။
**စိန်ခေါ်နေတဲ့တိုက်ပွဲ
ရဲဘော်… သင် ဘယ်ဘက်ကလဲ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်မှ၊ ၈ ဒီဇင်ဘာလ ၁၉၉၉၊ ဗုဒ္ဓဟူးနေ့ နံနက်ခင်း)
**သပြေခက်တွေ ကြယ်ပွင့်တွေနဲ့
တကယ်တင့်တယ်နေတဲ့ စစ်ဗိုလ်တယောက်
ခါးထောက်ပြီး အမိန့်ပေးတယ်။
`ဟေး… ပစ်´တဲ့
ရှေ့က တန်းစီးချီတက်လာတဲ့
မဟာလူထုကြီး။
**ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့
လူ့အခွင့်အရေးကို
သွေးနဲ့ရင်းပြီး တောင်းဆိုဖို့
မိုးပြိုသလို ပြိုလာတဲ့ မဟာလူထုကြီး။
**စစ်သားကလေးတစ်ယောက်
သေနတ်မြှောက်ပြီး ပစ်မယ်အလုပ်မှာ
တမုဟုတ်ချင်း စဉ်းစားတယ်။
**ငါ့ချစ်သူရဲ့ ရင်အုံကို ထိမှန်တဲ့
ငါ့ကျည်ဆန်ဖြစ်နေမလား။
**စိန်ခေါ်နေတဲ့တိုက်ပွဲ
ရဲဘော်… သင် ဘယ်ဘက်ကလဲ။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်မှ၊ ၈ ဒီဇင်ဘာလ ၁၉၉၉၊ ဗုဒ္ဓဟူးနေ့ နံနက်ခင်း)
No comments:
Post a Comment