ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 18, 2011

ိဟဲ့ မက်ဆီ…ဟဲ့ ဖာဘရီဂက်စ်…အိုး ရက်စ် ရက်စ် … သို့မဟုတ် တပ်ဖွဲ့ဝင်သစ် ဖာဘရီဂက်စ်အတွက် မက်ဆီရဲ့ လက်ဆောင် စပိန်စူပါဖလား

>

မင်္ဂလာပါခင်ဗျား။ အားလုံးသိကြတဲ့အတိုင်း မြန်မာစံတော်ချိန်အားဖြင့် ဒီနေ့ မနက် (၃း၃၀ နာရီမှာ ကစားခဲ့ကြတဲ့ စပိန် စူပါဖလားပွဲမှာ စပိန်လာလီဂါက ထိပ်သီး ၂ သင်းဖြစ်တဲ့ (ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်) တို့ဟာ သူနိုင်ကိုယ်နိုင် စီးချင်း ထိုးခဲ့ကြပါတယ်။ အဲ…ပွဲရဲ့ အဖြေကတော့ ဘာစီလိုနာ ၃ ဂိုး - ရီးရဲမက်ဒရစ် ၂ ဂိုး ဖြစ်ပါတယ်။

ဘာစီလိုနာအတွက်တော့ အခုနှစ်တွေမှာ ကိုင်မိသမျှ ရွှေဖြစ်ပြီး၊ ကန်ခဲ့သမျှလည်း ဖလားဖြစ်အောင်လုပ်နိုင်တဲ့ “ဂွါဒီယို လာ” လို နည်းပြမျိုးရှိနေတာရယ်၊ ဘောလုံးရစ်သမ်မိနေကြတဲ့ (ဇာဗီ၊ အင်နီယေစတာ၊ မာရှေယာနို၊ မက်ဆီ) စတဲ့ ပလေယာကောင်းတွေကို ပိုင်သထားတာရယ်၊ အလုပ်ကောင်းကောင်းလုပ်သူတို့အတွက် တဆက်တစပ်တည်းရရှိအပ် တဲ့ ကံကောင်းလက်ဆောင်ကို လက်ဝယ်ပိုင်ပိုင် ရရှိကြတာရယ်အပြင် အခြားသော အကြောင်းတရားကောင်းကောင်း တွေကြောင့် နောက်ထပ်ဖလားတလုံးဖြစ်တဲ့ စပိန်စူပါဖလားကို ရသွားပြန်ပါပြီ။

ဒ်ီဖလားဟာ ဘာစီလိုနာက အခြားက စားသမားတွေထက်ကို အာဆင်နယ်မှာ (၆) နှစ်ကြာ အချိန်ဖြုန်းပြီး ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့ “ဖာဘရီဂက်စ်” လို ဘာစီ လိုနာတပ်ဖွဲ့ဝင်သစ်အတွက်တော့ စိန်ပေါ်မှာပတ္တမြားအနားကွပ်သလို ဆွတ်ပျံ့ကြည်နူးလိုက်မယ်ဖြစ်ခြင်း။ (ဟုတ်ပါ့ဗျာ ….မြန်မာ-အိုမန်ဘောလုံးပွဲကို ကြည့်ရသလိုမျိုး။ ဇော်ဇော်တို့ကို ပရိသတ်ကမေတ္တာမိုးရွာသလိုမျိုး ဆွတ်ပျံ့ကြည်နူး လိုက်တာဗျာ ) တလက်စတည်းပြောရအုံးမယ်။ “ဖာဘရီဂက်စ်” ဆိုတာက ဘာစီလိုနာ လူငယ်အကယ်ဒမီကျောင်း ထွက် ငယ်မွေးခြံပေါက် ဖြစ်ခဲ့ပြီးမှ အသက် ၁၇ နှစ်လောက်မှာ ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းကို နည်းပြ အာဆင်ဝင်းဂါးက ခေါ်ယူလို့ ရောက်ရှိသွားသူမဟုတ်လား။

ဒီနေ့ပွဲမှာ ဘာစီလိုနာတပ်ဖွဲ့အတွက်ကော အာဆင်နယ်မှော်ရုံတောက တောပြောင်းလာတဲ့ နယူးတိုက်ဂါး “ဖာဘရီ ဂက်စ်” အတွက်ပါ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီကနေ ရယူပေးလိုက်တဲ့ အကောင်းဆုံးလက်ဆောင် ကတော့ ဟောဒီ စပိန်စူပါဖလားပါပဲ။ ဟုတ်တယ်လေဗျာ။ ဒီပွဲမှာ အရေးပါဆုံး ဒုတိယဂိုးနဲ့ ပွဲသိမ်း (နိဂုံးချုပ်) တတိယ ဂိုးကို သွင်းပေးလိုက်သူက မက်ဆီမှ မက်ဆီပါပဲဗျာ။ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးမှာသာ ခြေစွမ်းမပြနိုင်တာ ရှိရမယ်၊ ဘာစီလိုနာ ကလပ်အသင်းမှာတော့ တကယ့်ကိုဘောလုံးမှော်ဝင်နေသူပါပဲ။ မက်ဆီ ဘောလုံးမှော်ဝင်နိုင်အောင်လည်း ဘောလုံးပဉ္စလက်ဆရာလေးတွေဖြစ်တဲ့ ဇာဗီတို့၊ အင်နီယေစတာတို့က ၀န်းရံပံ့ပိုး နေတာမဟုတ်လား

အာဂျင်တီးနား အသင်းကြီးမှာက ဇာဗီတို့၊ အင်နီယေစတာတို့လို အစွမ်းရှိတဲ့ ကွင်းလယ် ဗိုလ်ချုပ် တွေ တယောက်တလေမှ ရှိမနေတော့ကာ မက်ဆီမှာ အာဂျင်တီးနား အသင်းအတွက် လူပိုသက်သက်ဖြစ်နေရတာ ပေါ့ဗျာ။

ကဲ…ဒီနေ့ပွဲမှာတော့ စပိန်စူပါဖလား ရသွားတဲ့ နိုင်သူ (ဘာစီလိုနာ) ကတော့ ပြုံးလို့ပျော်လို့ မော်လို့ဖြစ်နေချိန် မှာ တဘက်က ပြိုင်ဘက်ဖြစ်တဲ့ ရှုံးသူ (ရီးယဲလ်မက်ဒရစ်) ကတော့ အနီကဒ်နှစ်ကဒ် အပြခံလိုက်ရတယ်ဗျို့။ ရီးယဲလ် မက်ဒရစ်က နောက်ခံလူ မာဆယ်လိုကို ပွဲပြီးခါနီးမှာ အဖျက်ကြမ်းလို့ အနီကဒ်ပြပြီး ဒိုင်လူကြီးက ကွင်းထဲက ထွက်ခိုင်း တာကို ကွင်းအပြင် ထိုင်နေတဲ့ ရီးယဲလ်ကွင်းလယ်ကစားသမား အိုဇေးက ဒိုင်လူကြီးအပေါ် စောဒကတက်တာများ သွားတာကြောင့် သူလည်း အနီကဒ်အပြခံလိုက်ရတာဖြစ်ပါတယ်။

ဒီကနေ့ပွဲမှာ ဖာဘရီဂက်စ်ဟာ ဒုတိယပိုင်းမှာမှ လူစားလဲ ၀င်ကစားတာဖြစ်ပေမယ့် အရှင်မွေးတော့နေ့ချင်းကြီးဆိုသ လိုမျိုး။ ရာဇပလ္လင် ဖင်ကပ်ပါလာသလိုမျိုး စသဖြင့် ချန်ပီယံ ကျိန်းသေ ဖြစ်နိုင်တဲ့ ဘာစီလိုနာလို အသင်းမျိုးကို အခုမှ တောပြောင်းတာမဟုတ်ပဲ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ် လောက်ကသာ ပြောင်းလာခဲ့ရင် အခုလောက်ဆို သူကိုင်မြှောက်ချင် တဲ့ ဆုဖလား (၃၊ ၄) လုံးလောက် ကိုင်မြှောက်နေရပြီပေါ့ဗျာ။ ငွေကြေး သုံးစွဲတဲ့နေရာမှာ ပြင်သစ်လူမျိုးဖြစ်ပါလျက်နဲ့
ကမ္ဘာပေါ်မှာ ကပ်စေးအနည်းဆုံး လူမျိုးတွေလို့ ကမ္ဘာကသတ်မှတ်ထားတဲ့ စကော့တလန်လူမျိုးနဲ့ အိန္ဒိယနိုင်ငံက ချစ်တီးကုလားတွေကတောင် ကပ်စေးဘိုးအေကြီးလို့ ခေါ်လည်းခေါ်။ အလေးလည်းပြုရတဲ့ အာဆင်နယ်နည်းပြ “အာဆင်ဝင်းဂါး” ဖာဘရီဂက်စ်ကို ဘာစီလိုနာလူငယ်အကယ်ဒမီ သင်တန်းကျောင်းကနေ အသက် ၁၇ နှစ် အရွယ်မှာ ခေါ်သွားခဲ့တာကိုရော။ ဖာဘရီဂက်စ်ဟာ အာဆင်နယ်အသင်းမှာ ၆ နှစ်လုံးလုံး ဘာဖလားမှ မရဘဲ အချိန်ကုန်ခဲ့ရတာ တွေကို ဒီနေရာမှာ သံဝေဂရစရာရှိပါတယ်။ ဒါပေမယ့်လည်း ၆ နှစ် လုံးလုံး အင်္ဂလန်မြေမှာ အချိန်သုံးခဲ့ရတဲ့ ဖာဘရီ ဂက်စ်အတွက် အမှန်တကယ်ပဲ အချိန်ဖြုန်းရာရောက်ခဲ့ပါသလား။ အခုဆိုရင် ဘာစီလိုနာအသင်းအတွက်သာမက စပိန်အသင်းကြီးအတွက်ပါ ကွင်းလယ်ကစားသမား တနေရာကို ရရှိထားတဲ့ ဖာဘရီဂက်စ်ဟာ အင်္ဂလန်အသင်းကို အနီးကပ်လေ့လာခွင့် ရခဲ့တဲ့ စပိန်အသင်းကြီးရဲ့ မြေအောင်းပွေးတကောင်လိုမျိုး မြှုပ်နှံမှုကောင်းခဲ့သူတဦးအနေနဲ့ရော ကျနော်တို့ စဉ်းစားဖို့ မလိုပေဘူးလား။

ကဲ…မိတ်ဆွေတို့ရေ….အားကစားပွဲတွေကို ကြည့်ရှုသူပရိသတ်တွေရဲ့ နိယာမအတိုင်း ဆိုရရင် အနိုင်ရယူသူကိုသာ နည်းလမ်းပေါင်းစုံနဲ့ ချီးကျူးကြ။ ဂုဏ်ပြုကြ။ အမွှန်းတင်ကြတာမဆန်းပါဘူး။ ဒီနေ့ မနက်စောစောမှာ အဆက်ချော ချော (မိုးဟေကိုက တမျိုး။ မာရီယာရှရာပိုဗာက တဖုံ။ အင်ဂျလီနာဂျိုလီက တနည်း။) မပြီးနိုင်။ မစီးနိုင်သော အတွေး များစွာတို့နဲ့ …...ဟဲ့ မက်ဆီ…ဟဲ့ ဖာဘရီဂက်စ်...အိုး ရက်စ် ရက်စ်……။

**ဆန်တာကလော့စ် (ခေတ္တ-အင်္ဂပူ)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)