ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, May 4, 2012

>

  (ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ရုံး အစည်းအဝေးခန်းမထဲက ဂျက်ဘာခေါင်းဆောင်ဦးမိုးကြိုး-နောက်ကျောပေးထားသူ)
-

 မေလ ၂ ရက်နေ့နဲ့ ၃ရက်နေ့တွေမှာ ၂ရက်တိုင်တိုင်အလုပ်သမားရပိုင်ခွင့်တွေအတွက် အလုပ် မဆင်းပဲဆန္ဒပြခဲ့ကြတဲ့ တာ့(ခ်) ခရိုင်၊ မဲဆောက်မြို့က နာမည်ကြီးစက်ရုံတစ်ရုံဖြစ်တဲ့ အက်စ်ဒီ ဖက်ရှင် (မြန်မာတို့အခေါ် - ချန်ပီယံသိုးမွှေးစက်ရုံ) က အလုပ်သမား ၅၀၀ ကျော်ရယ်၊ သူတို့ ရဲ့ ကိုယ်စားလှယ်ခေါင်းဆောင် (၇) ဦးရယ်ဟာ ဒီနေ့မှာတော့ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) မှာ အလုပ်ရှင်ကိုယ်စားလှယ် ၃ ဦး နှင့် ညှိုနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ အလုပ်သမား ၅၀၀ ကျော်ရဲ့ အဓိကတောင်းဆိုချက်တွေက (၁) အလုပ်ချိန် ၈ နာရီအတွင်း နေ့စားခ ၁၅၅ ဘတ်ပေးရန်၊ (၂) ပုတ်ပြတ်စား (ဒါဇင်စား) များအား ဒါဇင်ဈေးတိုးမြှင့်ပေးရန်၊ (၃) အချိန်ပို ၁ နာရီလျှင် ၃၀ ဘတ်ပေးရန်၊ (၄) အလုပ်ဝင်ချိန် နှိပ်ရသော အလုပ်ချိန်စောင့်ကြည့်ရေးကတ်နှိပ်ပြီးလျှင် ၂၀ ဘတ်ပေးရန်၊ (၅) သောက်ရေ၊ သုံးရေ၊ မလုံလောက်မှုနှင့် မသန့်ရှင်းမှုများကို အမြန်ဖြေရှင်းပေးရန်၊ (၆) မိလ္လာခန်းမလုံလောင်မှုနှင့် မသန့်ရှင်းမှုများကို အမြန်ဖြေရှင်းပေးရန်၊ … စတာတွေဖြစ်ပါ တယ်။ အဲဒီအခွင့်အရေးတွေအတွက်အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးတို့ဟာကိုယ်စားလှယ် တွေအဖြစ်နဲ့ ဒီကနေ့ ၂ဦး ၂ဖက် ဆွေးနွေးကြတာဖြစ်ပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်)ခရိုင် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ရုံး ဒုတိယဦးစီးအရာရှိ မဲ့တာနဲ့အဖွဲ့ ကလည်း ဦးမိုးကြိုး၊ စတီဗင်(ကနေဒါ)၊ ကိုထွေးနိုင် စတဲ့ဒီကနေ့ လာရောက်ပံ့ပိုးစောင့်ကြည့် ကြတဲ့ စီဘီအိုအဖွဲ့တွေကို တလေးတစားဖိတ်ခေါ်ပြီး အကျိုးအကြောင်းရှင်းပြခဲ့ပါတယ်။ အခု နောက်ဆုံးသိရတာက လာမယ့် မေလ ၁၄ ရက်နေ့မှာ အထည်ကောက်(ပုတ်ပြတ်စား) တွေ အတွက် သတ်မှတ်ဈေး ညှိုနှိုင်းဆွေးနွေးအတည်ပြုဖို့ရယ်၊ ဇွန်လ ၁ ရက်နေ့မှာ အချိန်ပိုကြေး ကိစ္စ သတ်မှတ်ဈေး ညှိုနှိုင်းဆွေးနွေးအတည်ပြုဖို့ရယ်ကို စီဘီအို ၃ဦးရှေ့မှာပဲသဘောတူလိုက် ကြပါတယ်။ ကျနော်တို့အလုပ်သမားတွေမှာတိကျရှင်းလင်းတဲ့ တောင်းဆိုချက်တွေ တောင်း တက်ဖို့၊ အလုပ်ရှင်နဲ့ရင်ဆိုင်ရတဲ့အခါ တန်းတူညီတူရဲရဲဝင့်ဝင့်ဆွေးနွေးတတ်ဖို့၊ ထိုင်းဥပဒေပါ ရပိုင်ခွင့်နဲ့အညီ ရှင်းရှင်းလင်းလင်းတောင်းဆိုတတ်ဖို့အပါအ၀င် လိုအပ်ချက်တွေကိုကွက်ကွက်ကွင်းကွင်း တွေ့ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ပုလိပ်ခေါ်ပြီးခြိမ်းခြောက်နည်း၊ အကြောင်း ရှာကာအလုပ်ဖြုတ်နည်း၊ အချင်းချင်းသွေးကွဲအောင် ကောဌာဟာလသတင်းထုတ် လွှင့်ကာ ဖြိုခွဲနည်း၊ တရားဝင်ပြောဆိုကြတဲ့အခါ သူတို့လောက်အလုပ်သမားအပေါ်အကြင်နာ မေတ္တာ၊ စေတနာထားတာ မရှိတော့လောက်အောင် အလုပ်ရှင်ကောင်းကြောင်းပြောတတ်ကြ တဲ့ အလုပ်ရှင်အသိုင်းအ၀ိုင်းရဲ့အတွင်းသရုပ်ကိုပါ လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှား မြင်လိုက်ရပါရဲ့ဗျာ။ ဘာပဲဖြစ်ဖြစ်အခုထိုင်းအစိုးရရဲ့ ဘတ် ၃၀၀ စီမံချက်အရ တာ့(ခ်)ခရိုင်မှာ တစ်ရက်လုပ်အားခ ၂၂၆ ဘတ်သတ်မှတ်စံနှုန်းဆိုတာကြီးကအခုချိန်အထိ ဘယ်အလုပ်သမား မှ မရကြသေးပါဘူး။

SD  Fashion  Co,ltd

(အလုပ်ရှင်နဲ့ရင်ဆိုင်ရတဲ့အခါ တန်းတူညီတူရဲရဲဝင့်ဝင့်ဆွေးနွေးတတ်ဖို့ ဦးမိုးကြိုးရှင်းပြ-)

သတင်းနှင့်ဓါတ်ပုံ-သောင်ရင်းနဂါး (ဂျက်ဘာ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)