-ယခုလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ-
**ပီကာဆို၏ အကြီးဆုံးပန်းချီကား ပြင်သစ်၌ ပထမဆုံးပြသမည်**
(ပါရီ၊ မေ ၂၆)
ကမ္ဘာ့ပန်းချီအကျော်အမော် ပါဘလိုပီကာဆို၏ ရေးဆွဲခဲ့သမျှထဲမှ အကြီးဆုံးပန်းချီကားကို ၂၁ နှစ် အတွင်း ပထမဆုံးအဖြစ် ပြင်သစ်နိုင်ငံတွင် ပြသတော့မည်ဖြစ်သည်။ ၁၉၁၇ ခုနှစ် ဘဲလေးကပွဲနောက် ခံဖြစ်ရပ်အား ရေးဆွဲထားသည့် ပီကာအို၏ ယင်းပန်ချီကားသည် အကျယ် ၁၆ မီတာရှိပြီး အမြင့် ၁၀ မီတာရှိသော ပန်းချီကားကြီးဖြစ်သည်။ (အင်တာနက်)**ကမ္ဘာ့အကြီးဆုံး ရေဒီယိုလီစကုပ်ကြီးသုံးနိုင်ငံ ပူးပေါင်းတည်ဆောက်မည်** (လန်ဒန်၊ မေ ၂၆)
တောင်အာဖရိက၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ပူးပေါင်းပြီး ကမ္ဘာ့အကြီးဆုံးရေဒီယိုတယ်လီ စကုပ်ကြီးတစ်ခုကို တည်ဆောက်မည်ဖြစ်ကြောင်း မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ တယ်လီစကုပ်ကြီးသည် လက်ရှိကမ္ဘာပေါ်၌ အသုံးပြုနေသော အကြီးဆုံးတယ်လီစကုပ်များထက် အဆ ၅၀ ပိုမိုကြီးမားပြီး ပုံရိပ်ကို အဆ ၁၀၀၀၀ ခန့် ချဲ့ထွင်လေ့လာသုတေသနပြုမှုများ ပြုလုပ်နိုင် ကြောင်း သတင်း၌ ဖော်ပြသည်။ ယင်းရေဒီယိုတယ်လီစကုပ်ကြီးကို အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ အကုန်အကျခံကာ လာမည့် ၂၀၁၆ ခုနှစ်မှစတင်ကာ တည်ဆောက်သွားမည်ဖြစ်သည်။ ၄င်းရေဒီယို တယ်လီစကုပ်ကြီးပြီးစီးသွားပါက အာကာသရှိ ကြယ်တာယာနှင့် ဂြိုလ်များကို အသေးစိတ်လေ့လာသု သနပြုနိုင်မည်ဖြစ်သည်။ (အင်တာနက်)
**ကျူးဘားနိုင်ငံ၌ နိုင်ငံတကာရေအောက်ဓါတ်ပုံပြပွဲကျင်းပ ..ကျူးဘား၊ အီတလီနှင့် ချီလီဓါတ်ပုံဆရာ များ အကောင်းဆုံးဆုရရှိ**
(ဟာဗားနား၊ မေ ၂၆) ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ကျင်းပသည့် နိုင်ငံတကာရေအောက်ဓါတ်ပုံပြပွဲ၌ ကျူးဘား၊ အီတလီ နှင့် ချီလီနိုင်ငံတို့မှ ဓါတ်ပုံဆရာများအကောင်းဆုံးဓါတ်ပုံဆု ရရှိခဲ့ကြောင်း မေ ၂၆ ရက်တွင် သတင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် မေ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သော အဆိုပါ ရေအောက်ဓါတ်ပုံပြပွဲ သို့ ကျူးဘား၊ အီတလီ၊ ချီလီ၊ အာဂျင်တီးနား၊ ရုရှား၊ မက္ကဆီကိုနှင့် ကနေဒါတို့မှ ဓါတ်ပုံဆရာပေါငး ၅၀ တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲကျင်းပခြင်းမှာ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မှုတစ်ရပ်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ပင်လယ်နှင့် သမုဒ္ဒရာအောက်မှ လှပပြီး ဆွဲ ဆောင်မှုရှိသော ဓါတ်ပုံများကို ဓါတ်ပုံဆရာများက ရိုက်ကူးထားခြင်းဖြစ်သည်။ (အင်တာနက်)
**ဆာဟဲဒေသ၌ မိုးခေါင်ပြီးရေရှား၊ ပြည်သူ ၁၈ သန်းရိက္ခာအကူအညီလိုအပ်** (ဒါကာ၊ မေ ၂၆) အာဖရိကတိုက် ဆာဆဲဒေတွင် မိုးခေါင်ရေရှားပြီး သီးနှံထွက်ညံ့ဖျင်းကာ စားနပ်ရိက္ခာဈေးနှုန်းမြင့်တက် မှုတို့ကြောင့် ပြည်သူ ၁၈ သန်းခန့်မှာ အရေးပေါ်ရိက္ခာအကူအညီများ လိုအပ်နေသည်ဟု အင်တာနက် သတင်းတွင် ဖော်ပြပါရှိသည်။ မိုးခေါင်လျက်ရှိသည်။ ဆာဟဲဒေသတွင် စားနပ်ရိက္ခာနှင့် အာဟာရဓါတ် ချို့တဲ့မှု ပြဿနာရှောင်လွှဲနိုင်ရေးအတွက် ဒေသဆိုင်ရာနှင့် လူသားချင်းစာနာထောက်ထားရေးအကူ အညီများ ချက်ချင်းတုံ့ပြန်ပေးပို့ကြရန်လိုကြောင်း ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး ဗယ်လာရီအေမို့စ်က တိုက်တွန်းပြောကြားလိုက်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment