ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 30, 2013

>
♥ အပ္ပမာဒေန သမ္ပာဒေထ (ဝါ) မိမိကိုယ်ကိုယ် အလင်းဆောင်ကြကုန်လော့ ♥
"အမိုက်မှောင် ထဲတွင် နစ်မြုပ်နေကြပါလျက်နှင့်၊ ဆီမီးအလင်းကို မရှာဖွေကြပါကလား" ဟု ဗုဒ္ဓ ညည်းတွားတော်မူသည်။ အမှောင်ထဲတွင် ထိုင်နေလျက်၊ မည်သူကို စောင့်ဆိုင်း နေကြပါသနည်း။ မည်သူကရော ရောက်ရှိလာပါမည်နည်း။ မရဏတရားမှတပါး အခြားမည်သူမျှ ရောက်လာလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် အနှီသော အိပ်မက်မျိုးတို့ထဲ၌ နစ်မြုပ် နေကြပါသနည်း။ အများသည် ဘဝကို မကြည့်ကြပေ။ အိပ်မက်ကိုသာ မျှော်ကြည့်ကြ၏။ အိပ်မက်တွင်းက မင်္ဂလာ အခမ်းအနား ကိုသာ မျှော်ကြည့်နေကြ၏။ သတို့သမီးကိုသာ စောင့်ဆိုင်းလျက် ရှိ၏။ လက်ထပ် ခမ်းဆောင် အတွက် စိုင်းပြင်းနေကြကုန်၏။ "ဒီလို ဖြစ်ရမည်၊ ဟိုလို ဖြစ်ရမည်" စိတ်ကူးယဉ်ကြ၏။ စင်စစ် အဘယ်အရာ ဖြစ်လာမည်ကို မတွေးမြင်မိနိုင်ကြ။ ယင်း စိတ်ကူးယဉ် တိမ်တိုက်တို့သည် ယင်း စိတ်ကူး အတိုင်း ကွန်ရက်ဖြာ၍ အကောင်အထည် ပေါ်လာကြမည် မဟုတ်ပေ။ အိပ်မက်သည် တစ်ခြား၊ ဘဝသည် တစ်ခြား ဖြစ်သည်။ အိပ်မက်ကို ဖယ်၍ ကြည့်သင့်သည်။ တကယ့် အရှိ၊ တကယ့် အဖြစ်ကို ကြည့်သင့်သည်။ ထိုအခါ ယခုပင် မွေးဖွားလာသော အကလေးငယ်၌ သေခြင်းတရား ကပ်ပါလျက် ရှိကြောင်း တွေ့ရလိမ့်မည်။ အလှဆုံး အချောဆုံး ဟု ထင်မြင်နေသော ကိုယ်ခန္ဓာတွင်း၌ အလွန်ရုပ်ဆိုး အကျည်းတန်သော အရာများ ရှိနေသည်ကို တွေ့ရလိမ့်မည်။ သူငယ် အရွယ်နှင့် လုလင် အရွယ်တို့ ကြားတွင် ဇရာသည် ခြေတစ်လှမ်းချင်း လှမ်းနေသည်ကို တွေ့ရလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓက - "အတွင်းသို့ တိုးလျိုး ဝင်ကြည့်ကြကုန်လော့၊ အပေါ်ယံ အရေပြား တစ်ထောက် က လိမ်လည်သည်တို့ အပေါ် ထင်ယောင်ထင်မှား မဖြစ်သွာကြပါစေနှင့်" ဟု မိန့်ဆိုသည်။ လောင်မီးကျ၍ ဒုက္ခတွင်းထဲတွင် အဘယ်အရာတို့ဖြင့် ရယ်သွေးသွမ်းနေကြပါသနည်း။ ညဥ့်အမှောင် သည် တိုးလျက် မှောင်လာနေ၏။ ဆီမီးကို ရှာသင့်လှပြီ။ အဘယ်အရာ၊ အဘယ်သူ့ကို ယုံကြည် ကိုးစား ၍ မြိန့်မြိန့်သား ထိုင်နေကြပါသနည်း။ ညဥ့်အမှောင် တိုးသည်ထက် တိုးလာသည့် နောက်တွင် - သင်မှ တစ်ပါး ဆီမီးထွန်းပေးမည့်သူ အခြား မရှိပေ။ အမှောင်ဖုံးပြီးသည့် အခါမှ နေရှိချိန်ကို အသုံးမချခဲ့သည့် မိမိ အဖြစ်အတွက် နောင်တရလိမ့်မည်။ အလင်းရောင် ရှိချိန်တွင် ဆီမီးကို ရှာသင့်က ရှာထားရလိမ့်မည်။ အများသည် ရာထူး၊ ဂုဏ်သိမ်၊ ပစ္စည်းဥစ္စာ၊ အကျော်အဇော၊ အချစ် - စသည် အားလုံး အတွက် ကြိုးပမ်းအားထုတ်လျက် ရှိ၏။ ဘာဝနာ ဆီမီးကို ထွန်းဖို့ရန် သတိပင် မမူမိကြ။ တကယ်တမ်း မရဏ တရား ရောက်ရှိလာသော အချိန်တွင် အရာအားလုံး ငြိမ်းပျက်သွားကြလိမ့်မည်။ မရဏတရား မငြိမ်းချုပ်နိုင်၊ မယှဉ်သတ်နိုင်သော အရာမှာ ဘာဝနာ ဆီမီးသာ ဖြစ်သည်။ ယင်းကို အများက မေ့လျော့လျက် ရှိကြကုန်၏။ အမှန်အားဖြင့် ဘဝသည် မရဏနှင့် ဒွန်တွဲနေ၏။ ရှင်သန်မှုတွင် သေဆုံးမှု မရဏလည်း ဖြစ်ပေါ်နေ ၏။ နေ့စဉ်နေ့တိုင်း ဖြစ်ပေါ်၍၊ နေ့စဉ်နေ့တိုင်း ပျက်ဆီးကြ၏။ ဖြစ်ပေါ်လာပြီးနောက် ပျောက်ကွယ် သွားကြ၏။ ခဏသာ ခံ၏။ ဤသည်ပင် သဘာဝ ဓမ္မ ဖြစ်သည်။ သေခြင်း (ဝါ) ပျောက်ပျက် သွားခြင်း သည် အထူးအဆန်း မဟုတ်နေပေ။ ရိုးရှင်းသော အဖြစ်အပျက်၊ ဓမ္မတရား သာ ဖြစ်သည်။ သို့သော် အများ သည် အနိစ္စတရားကို နှလုံး မသွင်းလို ကြပေ။ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို မစီးဖြန်းလိုကြပေ။ မရဏတရား ကို ရှောင်ရှားနိုင်မည့် အခြားနည်းလမ်းများ ပြောပြကြမှ ကျေနပ် ကြသည်။ ယနေ့ မျှော်လင့်ချက် မပြည့်လျှင်၊ နက်ဖြန် ပြည့်လိမ့်မည် မပူနှင့် ဟု ပြောမှ သဘောတွေ့သည်။ ယနေ့ ကျောဇော ကိတ္တိ မိုး မရွာချလျှင်၊ နက်ဖြန် ရွာချလိမ့်မည် ဟု ပြောမှ မနောခွေ့သည်။ ထို့ကြောင့် လူ့လောကသည် ကဗျာဆရာကို သဘောကျကြခြင်း ဖြစ်သည်။ သူတော်စင်များကိုမူ လေးစားကြည်ညိုကြသော်လည်း စင်စစ် သဘောမကျကြပေ။ အဘယ်ကြောင့် ဆိုသော် သူတော်စင်များက ငိုက်မျဉ်းနေသူကို နိုးကြားအောင် လုပ်သည်။ အိပ်ပျော်နေသူကို လှုပ်၍ နှိုးသည်။ စိတ်ကူးယဉ် အိပ်မက်ကို ကျိုးပျက်အောင် ပြုလုပ်နေကြ၍ ဖြစ်သည်။ ...........................................

 **Reading on အိပ်မက်ချိုချို (ဆရာပါရဂူ) ** -

- Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)