ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 31, 2013

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် တိုင်းပြည်ပြိုကွဲနိုင်ဟု အီဂျစ်တပ်မတော်အကြီးအကဲ သတိပေး**

(ကိုင်ရို ဇန်န၀ါရီ ၃၀)
အီဂျစ်နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်း များသည် တိုင်းပြည်ပြိုကွဲရေးသို့ ဦးတည်သွားနိုင်ကြောင်း အီဂျစ်လက်နက်ကိုင် တပ်ဖွဲ့များ၏အကြီးအကဲက သတိပေးပြောကြားလိုက်သည်။ အီဂျစ်လက်နက်ကိုင်တပ်ဖွဲ့များ၏အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်ဖာတာ အယ်လ်စီစီက အီဂျစ်စစ်ဘက်၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ၎င်း၏မှတ်ချက် ကို ရေးသားဖော်ပြခဲ့ပြီး ယင်းပြိုကွဲမှုများသည် အနာဂတ်မျိုးဆက်သစ်များ အတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သည်ဟုဆိုသည်။ စူးအက်တူးမြောင်းတစ်လျှောက်ရှိ ဒေသသုံးခုတွင် ကြီးမားသောစစ်ရေး ဆိုင်ရာဖြန့်ကြက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အီဂျစ်နိုင်ငံတစ်ဝန်းလုံး၌ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းနောက်တွင် ၎င်းက အဆိုပါ ထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံတွင် များမကြာမီရက်များအတွင်းကဖြစ်ပွားခဲ့သော ဆန့်ကျင် ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုများကြောင့် လူ ၅0xufrနည်း သေဆုံးခဲ့ရသည်။ အီဂျစ်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲသည် ဂျာမနီနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားသည့် နှစ်ရက်ကြာ ခရီးစဉ်ကို နာရီအနည်းငယ်အတွင်း ဖြတ်တောက် လိုက်ပြီး ပြင်သစ်နိုင်ငံခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ဇန်န၀ါရီ ၂၈ရက်ညတွင် ပို့ဆက်၊ အစ္စမေးလီးယားနှင့် ဆူးအက်မြို့များတွင် လူထောင်ပေါင်းများစွာ ဆိုးဆိုးရွားရွားဆန္ဒပြကြပြီး သမ္မတမော်စီထုတ်ပြန်ထား သည့် ညမထွက်ရအမိန့်ကို လျစ်လျူရှုကာ လမ်းများပေါ် ထွက်ခဲ့ကြသည်ဟု သတင်းတွင်ဖော်ပြသည်။ (အင်တာနက်)

**တောင်ကိုရီးယား၏ အာကာသဒုံးယာဉ်လွှတ်တင်မှု အောင်မြင် ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းသို့ ပို့ဆောင်**

 (ဆိုးလ် ဇန်န၀ါရီ ၃၀)

အာကာသအတွင်းသို့ ဂြိုဟ်တုတစ်လုံးကို ပို့ဆောင်နိုင်ရေးအတွက် တတိယအကြိမ်မြောက်ကြိုးပမ်းသည့် တောင်ကိုရီးယားနိုင်ငံ၏ အာကာသဒုံးယာဉ်လွှတ်တင်မှုအစီအစဉ်မှာ အောင်မြင်သွားပြီဖြစ်ကြောင်း ယနေ့ ဘီဘီစီသတင်းတွင်ဖော်ပြသည်။ တောင်ကိုရီးယား၏ နာယိုအာကာသယာဉ် လွှတ်တင်ရေးစခန်းမှ အာကာသဒုံးယာဉ် ကေအက်ဖ်အယ်လ်ဗွီ-၁ လွှတ်တင်မှုကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ ဒုံးယာဉ်လွှတ်တင်ပြီးမကြာမီမှာပင် ဒုံးယာဉ်လွှတ်တင်မှု အောင်မြင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုများပြုခဲ့သော မကြာသေးမီရက်သတ္တပတ် များအတွင်း မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်သုံးဆင့်ပါ ဒုံးကျည်ဖြင့် ဂြိုဟ်တု တစ်လုံးအား ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ပြီးနောက်တွင် တောင်ကိုရီးယားနိုင်ငံက အာကာသဒုံးယာဉ်ကို လွှတ်တင်လိုက်ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံက ယခုလွှတ်တင်ခဲ့သောဒုံးယာဉ်မှာ အလေးချိန်တန် ၁၄၀ရှိပြီး နာယိုအမည်ရှိသည့် ဒုံးယာဉ်၏အစိတ်အပိုင်းအခိျု့ကို တောင်ကိုရီး ယားပြည်တွင်းတွင် တည်ဆောက်ပြီး အစိတ်အပိုင်းအခိျု့ကိုမူ ရုရှားနိုင်ငံက တည်ဆောက်ပေးသည်ဟု သတင်းတွင်ဖော်ပြသည်။ တောင်ကိုရီးယားနိုင်ငံသည် အာကာသအတွင်းသို့ ဒုံးယာဉ်လွှတ်တင်ရန် ၂၀၀၉-၂၀၁၀ခုနှစ်များတွင် နှစ်ကြိမ်တိုင်ကြိုးပမ်းခဲ့ဖူးပြီး အောင်မြင်မှု မရရှိခဲ့ပေ။ ယခုပစ်လွှတ်ခဲ့သည့် တတိယအကြိမ်မြောက် ဒုံးယာဉ်လွှတ်တင်ရေး အစီအစဉ်ကို နည်းပညာပိုင်းဆိုင်ရာ အကြောင်းအားနည်းချက်များကြောင့် နှစ်ကြိမ်ခန့် ရွှေ့ဆိုင်းခဲ့ရသေးသည်ဟု ဆိုသည်။ ယခုဒုံးယာဉ်လွှတ်တင်မှုကို မြို့တော်ဆိုးလ်၏ တောင်ဘက် ကီလိုမီတာ ၄၈၀ (၂၉၈မိုင်)အကွာရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လုပ်ဆောင်ခဲ့ပြီး အာကာသဒုံးယာဉ်က ၎င်းသယ်ဆောင်သွားသောဂြိုဟ်တုကို သတ်မှတ်ထား သည့် ကမ္ဘာ့မြေပြင်အထက်အမြင့်သို့ ပို့ဆောင်နိုင်ခဲ့ကြောင်း ယွန်ဟပ် သတင်း တွင် ဖော်ပြသည်။ အာကာသဒုံးယာဉ်ဖြင့် သယ်ဆောင်သွားသည့်ဂြိုဟ်တုမှာ သိပ္ပံနှင့်နည်း ပညာဆိုင်ရာဂြိုဟ်တုဖြစ်ပြီး ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းရန် ပုံစံထုတ်တည်ဆောက်ထားသည်ဟု သတင်းတွင် ဖော်ပြသည်။ (ဘီဘီစီ) 

**ကာဇက်စတန် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ပျက်ကျရာတွင် လိုက်ပါသူအားလုံး သေဆုံး**

(ကော့ရှီတူ ဇန်န၀ါရီ ၃၀) 

ခရီးသည် ၂၀ တင်ဆောင်လာသည့် ကာဇက်စတန်အက်စ်စီအေတီလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျရာတွင် လိုက်ပါသူအားလုံး သေဆုံးခဲ့ကြောင်း ဇန်န၀ါရီ ၃၀ ရက်က အေပီသတင်းတွင် ဖော်ပြ သည်။ လေယာဉ်ပေါ်တွင် လိုက်ပါ လာသူ ၂၀ မှာ လေယာဉ်ဝန်ထမ်း ငါးဦးနှင့် ခရီးသည် ၁၅ ဦးတို့ ဖြစ် ကြောင်း၊ အဆိုပါ လေယာဉ်သည် ဇန်န၀ါရီ ၂၉ ရက်က ပျက်ကျခဲ့ ခြင်းဖြစ်ကြောင်း အက်စ်စီအေတီလေ ကြောင်းက ပြောကြားသည်။ 

**သြစ တြေးလျနိုင်ငံတွင်ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲကို လာမည့် စက်တင်ဘာ ၁၄ ရက်၌ ကျင်းပရန် စီစဉ်** 
(ကင်ဘာရာ ဇန်န၀ါရီ ၃၀)

 သြစတြေးလျနိုင်ငံ၏ ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲကို လာမည့် စက်တင်ဘာ ၁၄ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း သြစတြေးလျဝန်ကြီးချုပ် ဂျူလီရာ ဂီလက်က ဇန်န၀ါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ကင်ဘာရာမြို့ရှိ အမျိုးသားသတင်းထုတ်ပြန်ရေးအဖွဲ့သို့ ပေးပို့သော သတင်းထုတ်ပြန်ချက်တွင် ၀န်ကြီးချုပ် ဂျူလီရာဂီလက်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ အဆိုပါသတင်းထုတ်ပြန်ချက်ကို အစိုးရအဖွဲ့၏ စီးပွားရေးနှင့်ပညာရေးဆိုင်ရာ စီမံကိန်းများ အစည်းအဝေးအပြီးတွင် ၀န်ကြီး ချုပ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ သြစတြေးလျနိုင်ငံ၏ အထက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၇၆ ဦး နှင့် အောက်လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၅၀ တို့ကို စက်တင်ဘာလ၌ သြစတြေးလျပြည်သူတို့က မဲပေးရွေးချယ်ကြရမည်ဖြစ်သည်။ စက်တင်ဘာ မည်သည့်ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ကို လာမည့်ရက်အနည်းငယ်အတွင်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ရန်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အဆောတလျင် ကြေညာသွားမည်ဟု စကိုင်းနယူးသတင်းဌာနက သတင်း ထုတ်ပြန်သည်။ သြစတြေးလျနိုင်ငံမှ လေဘာပါတီခေါင်းဆောင်ဂီလက် က ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မည်ဟုယုံကြည်ကြောင်း နိုင်ငံရေးနှင့် စီးပွားရေးတည် ငြိမ်တိုးတက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားသည်။ (ဆင်ဟွာ) 

**ပီကေကေတို့ နှင့် နှစ်ပေါင်း ၃၀ အတွင်း တိုက်ခိုက်မှုတွင် လူပေါင်း ၃၅၅၆၆ ဦး သေဆုံးခဲ့ကြောင်း** 

(အင်ကာရာ ဇန်န၀ါရီ ၃၀) 

ကာဒစ်အလုပ်သမားပါတီ(ပီကေ ကေ)တို့ နှင့်ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း တိုက်ခိုက်မှုတွင် လူပေါင်း ၃၅၅၆၆ ဦး သေဆုံးခဲ့ကြောင်း ပါလီ မန်အဖွဲ့၏ ထုတ်ပြန်ချက်ကို ဇန်န၀ါရီ ၂၉ ရက်တွင် ဒေသဆိုင်ရာတူဒေးစ် ဇမ်မန်းသတင်းစာ၌ ဖော်ပြသည်။ အဆိုပါ သေဆုံးသူစာရင်းတွင် လူပေါင်း ၈၀၀၀ နီးပါးမှာ ပြည်သူ့ ၀န်ထမ်းများနှင့် အစိုးရတပ်ဖွဲ့ဝင် များဖြစ်ပြီး ၅၅၀၀ မှာ အရပ်သား များဖြစ်ကြောင်း တူရကီပါလီမန် အကြမ်းဖက်ဆန့်ကျင်ရေး ဆပ်ကော် မတီ၏ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသေဆုံးသူများတွင်၂၂၀၀၀ သည် ပီကေကေအဖွဲ့ဝင်များဖြစ်ကြသည်ဟု ဆိုသည်။ တိုက်ခိုက်မှု၏ အကျိုးဆက် ကြောင့် တူရကီအနောက်ပိုင်း ပြည် နယ် ၁၄ ခုရှိ လူပေါင်း ၃၈၆၀၀၀ သည် ၄င်းတို့နေထိုင်ရာမြို့များမှ ဥရောပနှင့် အခြားသောနိုင်ငံများသို့ ထွက်ပြေးသွားခဲ့ကြသည်။ (ဆင်ဟွာ) ယင်းလေယာဉ်သည် ရာသီဥတု အခြေအနေ ဆိုးရွားစဉ်အတွင်း အယ်လ်မာတီလေဆိပ်သို့ ဆင်းသက် ရန် ပျံသန်းလာရာမှ ပျက်ကျခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ ကနဦးရရှိသောသတင်းများအရ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ် ယောက်မျှမရှိကြောင်း၊ ၄င်းလေ ယာဉ်သည် နိုင်ငံမြောက်ပိုင်း ကော့ ရှီတူမြို့မှ အယ်လ်မာတီလေဆိပ်သို့ ဦးတည်ပျံသန်းလာခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလေကြောင်းမှ ဆက်လက် ပြောကြားသည်။ (အေပီ) 

**အေ၀မ်းစိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)